ငါးသလောက်ပေါင်း


ငါးသလောက်ပေါင်း


Fish_Anchovy_Steam5

ငါးသလောက်ပေါင်း ကြိုက်သူတွေ ပေါင်းအိုးလိုက်သာ အားပေးသွားကြပါနော်။ ကြံခင်းပြီ ငါးသလောက်ကို ပေါင်းထားတာပါ။ ကြံကြိတ်ကို ခင်းသလို၊ ကြံကို ထပ်ခြမ်းခြမ်းပြီ ခင်း(သို့) စပါးလင်ကို ထုချည်ပြီခင်းကာ ငါးသလောက်ကို ပေါင်းလို့ရပါတယ်။ အဓိက ငါးသလောက် အိုးအောက်ခြေနဲ့ မကပ်ဖို့အတွက်ပါ။ ဒီ ငါးသလောက်ကို Slow cooker နဲ့ချက်ထားတာမို့၊ အရိုးပါ စားလို့ရတဲ့အထိ အရမ်းနူးအိပြီ အရမ်းစားကောင်းပါတယ်။ အလျှူတွေ အတွက်ပဲ ဖြစ်ဖြစ်၊ အိမ်မှာ လုပ်စားဖို့ပဲဖြစ်ဖြစ် ချက်နည်း ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

ငါးသလောက် – ၁ကောင် (၄၅၀ ဂရမ်) (ငါးကို ကြေခွံဖယ်ပြီ သန့်စင်ထားပေးပါ) (အကောင်ကြီး ၁ကောင်၊ အကောင်သေး ၂ကောင်)
ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပေးပါ)

ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
ဂျင်း – လက်တဆစ် (ညက်အောင် ထောင်းပါ)
ငရုတ်သီးပွနီ – ၂ခု (ရေနွေးဖြင့် အစေ့ထုတ်ပြီ ခပ်ညက်ညက်ထောင်းပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ရှာလကာရည် – စားပွဲတင်ဇွန်း တ၀က်
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
ရေ – ၂ခွက်
ကြက်သွန်နီ ဥသေး – ၅လုံး
စပါးလင် – ၁ခု (ထုပြီ ချည်ထားပါ)
Fish_Anchovy_Steam3

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ငါးသလောက်ကို ၃ပိုင်းပိုင်း ပေးပြီ ဓားဖြင့် အနည်းငယ် မွှန်းပေးပါ။

Fish_Anchovy_Steam2

၂။ ပြီလျှင် ခွက်တစ်ခုထဲ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်သီးနှစ်၊ ဆား၊ ကြက်သားမှုန့်) တို့ကို သမအောင် ရောမွှေလိုက်ပါ။ ပြီလျှင် ငါးသလောက်၊ ရှာလကာရည် ထည့်ပြီ သမအောင် ရောနုယ်ပေးပါ။

၃။ Slow cooker အောက်ခြေကို ကြံခင်းပေးပါ။ (အခွံမနွှာပဲ ထပ်ခြမ်းခြမ်းပြီ ထည့်လျှင်လည်း ရသည်)

Fish_Anchovy_Steam1

၎။ ပြီနောက် ရောနုယ်ထားသော ငါးသလောက်၊ စပါးလင်၊ ဆီ၊ ရေထည့်ကို high mode ဖြင့် အရိုးများ နူအိသည်အထိ ရနာရီခန့် အဖုံးအုပ်ပြီ ပေါင်းပေးပါ။

Fish_Anchovy_Steam4

၅။ အရိုးများ နူသွားမှ ကြက်သွန်နီ အလုံးသေးများကို ထည့်ပြီ နောက်ထပ် ၁နာရီ ထပ်ပေါင်းပေးပါ။

၆။ အရသာရှိသော ငါးသလောက်ပေါင်းကို သုံးဆောင်လို့ရပါပြီ…

Fish_Anchovy_Steam5