ဆေးဘဲဥသုပ်


ဆေးဘဲဥသုပ်

Medicine_Egg_Salad1

ထမင်းမြိန်စေမယ့် ဆေးဘဲသုပ်ပါ။ ဆေးဘဲဥကို ဆလတ်ရွက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ မြေပဲ၊ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီး နှင့် သံပရာသီးတို့ဖြင့် ချဉ်ငံ့စပ် သုပ်ထားတာပါ။ စားလို့ ကောင်းတာမို့ ခုပဲ တူတူ သုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

ဆေးဘဲဥ – ၃လုံး (အခွံနွှာပြီ ဆေးဘဲဥ ၈ပိုင်ပိုင်းထားပါ)
ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ကာ ပါးပါးလှီးပါ)

ဆလတ်ရွက် – စည်းဝက် (ေ၇စဉ်အောင်ဆေးပြီ ပါးပါးလှီးထားပါ)
ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးထားပါ)
မြေပဲ – စားပွဲတင်ဇွန်း ၁ဇွန်း (မညက်တညက် ထောင်းထားပါ)
ကြက်သွန်ဖြူကြော် – စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်သွန်ဖြူ ဆီချက် – စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်သီးစိမ်း – ၃တောင့် (ပါးပါးလှီးပါ)
သံပရာသီး – ၁လုံး (အရည်ညှစ်ရန် လှီးထားပါ)
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
Medicine_Egg_Salad

သုပ်နည်း

၁။ ဇောက် ပန်းကန်တစ်ခုထဲတွင် (ဆလတ်ရွက်၊ ခရမ်းချဉ်းသီး၊ ကြက်သွန်နီ၊ မြေပဲ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ဆီချက်၊ သံပရာရည်၊ ဆား နှင့် ကြက်သားမှုန့်) တို့ကို ထည့်ကာ သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီလျှင် အပေါ်မှ ကြက်သွန်ဖြူကြော် များကို ဖြူးပေးပြီ ဆေးဘဲဥသုပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

Medicine_Egg_Salad1